စပါးအသင်း၏ ထာဝရပရီးမီးယားလိဂ် ဂိုးသွင်းအများဆုံးကစားသမား ဟယ်ရီကိန်းဖြစ်လာ

အိမ်ကွင်းတွင် အဲဗာတန် ကို သက်သောင့်သက်သာကစား ပြီး လေးဂိုးပြတ် အနိုင်ရသည့်ပွဲ ၌ နှစ်ဂိုးသွင်းယူခဲ့သော တိုက် စစ်မှူး ဟယ်ရီကိန်းသည် စပါး၏ ထာဝရပရီးမီးယားလိဂ်ဂိုးသွင်း အများဆုံးကစားသမားဖြစ်လာ ပြီးနောက် စံချိန်များ ထပ်မံချိုး ဖျက်ရန် စပါးနည်းပြပိုချက်တီနို က ထောက်ခံချက်ပေးခဲ့သည်။

‘ဟယ်ရီကိန်းဟာ ပါရမီရှိပြီးပရော်ဖက်ရှင်နယ်ဆန်တဲ့ ကစား သမားတစ်ဦးပါ။ ကျွန်တော်အ လွန်ပဲ ပျော်ရွှင်မိပါတယ်။ သူဟာ ဂုဏ်ပြု မှုအားလုံး၊ ချီးကျူးမှုတွေ အများကြီးနဲ့ ထိုက်တန်ပါတယ်။ ဒီနည်းနဲ့ သူဟာ ပရီးမီးယားလိဂ် မှာ စံချိန်တွေအကုန်လုံးကို ချိုး ဖျက်ပါလိမ့် မယ်’’ဟု ပိုချက်တီနို က ပြောသည်။

ဟယ်ရီကိန်းသည် ယခုနှစ် ရာသီပရီးမီးယားလိဂ်တွင် ဂိုး ၂၀ သွင်းယူထားပြီး ပြိုင်ပွဲစုံ ၂၈ ပွဲကစားရာ၌ ၂၈ ဂိုးသွင်းယူထားသည်။

ချယ်လ်ဆီးနှင့်ပွဲတွင် အနိုင် ရသင့်သော်လည်း သရေကျပြီး နောက် အသင်းနောက်ခံလူ ချီလ် ဝဲလ်ကို နှစ်ဝါတစ်နီဖြင့် ထုတ် ပယ်ရန် ဆုံးဖြတ်ချက်သည် ပြင်း ထန်ကြောင်း လက်စတာနည်းပြ ကပြောသည်။

လက်စတာသည် ပွဲချိန် တော်တော်များများတွင် ဘောလုံး ပိုင်ဆိုင်မှုအသာစီးဖြင့် အခွင့်အ ရေးများ ဖန်တီးနိုင်ခဲ့သော်လည်း၆၈ မိနစ်၌ ချီလ်ဝဲလ်အထုတ်ခံရပြီးနောက် ကစားပုံပျက်ခဲ့သည်။

‘‘ပွဲပြီးတော့ ခံစားချက်က ရောရောနှောနှောပါပဲ။ အနီကတ် က ပြင်းထန်ပြီး လက်ခံဖို့ ခက်ခဲပါတယ်’’ဟု ကလောက်ဒ်ပူအဲလ် ကပြောသည်။

‘‘အာဆင်နယ်နဲ့ပွဲမှာ ထိပ် တန်းကစားသမားအများကြီးနဲ့ ကစားခဲ့တယ်လို့ ကျွန်တော်ထင် ပါတယ်။ ပြီးတော့ ဒီနေ့မှာ တော် တော်ကောင်း တဲ့ အသင်းနဲ့ ကစား ခဲ့ရတယ်။ ကျွန်တော်ရဲ့ ကစား သမားအများကြီးဟာ ပင်ပန်းနေ တယ်လို့ ကျွန်တော်ထင်ပါတယ်’’ ဟု ကွန်တီ ကပြောသည်။

ဟတ်ဒါဖီးလ်ကို ၄-၁ ဂိုးဖြင့် ချေမှုန်းပြီးနောက် ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်စ်ကအ သင်း ဘုတ်အဖွဲ့အနေဖြင့် နောက် ထပ်ကစား သမားအမြောက်အ မြားခေါ်ယူလိုကြောင်း ပြောကြား သည်။ယင်းနိုင်ပွဲကြောင့် မိုယက်စ် သည် ပရီးမီးယားလိဂ်ပွဲ ၂၀၀ မြောက်အနိုင် ရသည့် စတုတ္ထ မြောက်နည်းပြဖြစ်လာသည်။

အခြားပွဲစဉ်တွင် ခရစ္စတယ် ပဲလေ့စ်က ဘန်လေကို ၁-၀ဂိုး၊ ဝက်စ်ဘရွန်းက ဘရိုက်တန်ကို ၂-၀ ဂိုးဖြင့် အနိုင်ရပြီး နယူးကာ ဆယ်နှင့် ဆွမ်ဆီးက တစ်ဂိုးစီနှင့် ဝက်ဖို့ဒ်နှင့် ဆောက်သမ်တန်တို့ နှစ်ဂိုးစီ သရေကျခဲ့သည်။

source_7 days

Related posts