တူရကီတိုက်စစ်မှူး တိုဆန်ကို အဲဗာတန်က ပေါင် ၂၇ သန်းဖြင့် ခေါ်ယူ

အဲဗာတန်အသင်းက ဘီဆစ်တက်အသင်းမှ တူရကီ တိုက်စစ်မှူး ဆင့်စ်တိုဆန်ကို ပေါင် ၂၇ သန်းဖြင့် ခေါ်ယူခဲ့ သည်။အဲဗာတန်နှင့် လေးနှစ်ခွဲစာ ချုပ်ကို တိုဆန်က သဘောတူညီ  ပြီးနောက် လီဗာပူးနှင့် အက်ဖ်အေ ဖလားတတိယအဆင့်ပွဲ ပထမပိုင်းပြီးချိန်၌ ယင်း သတင်းကို အဲ ဗာတန်က ကြေညာခဲ့သည်။

တိုဆန် (၂၆)နှစ်သည် အ လွန်စိတ်ဓာတ်ကြံ့ခိုင်ပြီး အရည် အသွေးရှိသူဟု အဲဗာတန်မန်နေ ဂျာ ဆမ်အလာဒိုက်စ်က ပြော သည်။ တိုဆန်သည် ဘီဆစ် တက်စ်အသင်းကို ချန်ပီယံလိဂ် (၁၆) သင်းအဆင့်ရောက်အောင် ကူညီထားသည်။

ပြီးခဲ့သည့် ရာသီက ဘီဆစ် တက်အသင်း စူပါလိဂ်ဖလား ဆက်လက်ရရှိခဲ့စဉ်က တိုဆန်က ဂိုး ၂၀ သွင်းယူခဲ့သည်။ ယခုရာသီတွင် တူရကီလိဂ်၌ ရှစ်ဂိုးသွင်း ထားကာ ချန်ပီယံလိဂ်တွင် လေး ဂိုးသွင်းထားသည်။

တူရကီ တိုက်စစ်မှူးအား ပေါင် ၂၇ သန်းဖြင့် ဝယ်ယူနိုင်ခြင်းကို အလာဒိုက်စ်က အလွန်ပျော် ရွှင်နေပြီး တိုဆန်သည် ဥရောပ၏ အကောင်း ဆုံးဖြစ်သည်ဟု ပြော ကြားသည်။

တူရကီအတွက် ၂၅ ပွဲ ကစားထားသော တိုဆန်က အဲဗာတန်၏ လာမည့်ပရီးမီးယားလိဂ်ပွဲ စဉ်ဖြစ်သော ဇန်နဝါရီ ၁၃ ရက်စပါးနှင့်ပွဲ အတွက် အလွန်စိတ် အား ထက်သန်နေကြောင်း ပြော သည်။

‘‘ကျွန်တော်အမြန်ဆုံး ကစားချင်ပါတယ်။ စပါးနဲ့ပွဲက ကျွန် တော်ပထမဆုံးပါဝင်နိုင်တဲ့ ပွဲဖြစ် ပြီးတော့ အဲဒီပွဲအတွက် ရင်ခုန်နေ ပါပြီ’’ဟု တိုဆန်ကပြောသည်။

source_7 days

Related posts