Pre Wedding ဓာတ်ပုံ⁠လေး⁠တွေ တင်လိုက်တဲ့ စ⁠န္ဒီ⁠မြင့်လွင်

မတ်လအတွင်းမှာ မင်္ဂလာပွဲ ကျင်းပတော့မယ့် အဆိုတော် စန္ဒီမြင့်လွင်ကတော့ ဒီနေ့(ဇန်နဝါရီ၅ရက်)က Pre wedding ပုံအသစ်လေးတွေကို သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်လိုက်ပါတယ်။

ပုဂံမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ချို့ကို တင်ပေးလိုက်တာဖြစ်ပြီး Pre Wedding ပုံလေးတွေကတော့ တစ်မူထူး ဆန်းပြီး လှနေတာကို ပရိသတ်တွေတွေ့ရမှာပါ။

သူမရဲ့ Pre Wedding အတွက် ဝတ်စုံလေးတွေကိုတော့ ဒီဇိုင်နာမပုံ့က ချုပ်ပေးတာဖြစ်ပြီး ဓာတ်ပုံကိုတော့ Lin Tun (Life Photography ) က ရိုက်ကူးပေးထားပြီး မိတ်ကပ်ကို ညီညီမောင်က ပြင်ပေးထားတာ ဖြစ်ပါတယ်။

မင်္ဂလာဧည့်ခံပွဲကို နိုဗိုတယ်မှာ ပြုလုပ်မှာဖြစ်ပြီး ညစာစားပွဲကိုတော့ Lotte ဟိုတယ်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။ မင်္ဂလာပွဲကို ချစ်သူသက် တမ်း တစ်နှစ်ခွဲမှာ စီစဉ်တာ ဖြစ်ပါတယ်။

ချစ်သူကောင်လေးကတော့ သူမအပေါ် သဘောထားကြီး နားလည်ပေးတယ်လို့ ဆိုပါတယ်။သူမအနေနဲ့ အိမ်ထောင်ပြုပြီးသွားရင်လည်း အနုပညာအလုပ်တွေကို ဆက်လုက်လုပ်ကိုင်သွားမှာဖြစ်ပြီဇန်နဝါရီ လအတွင်းမှာ ဆိုဖီယာနဲ့ သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ကိုလည်း အွန်လိုင်းကနေ ဖြန့်ချိ ပေးသွားမယ်လို့ သိရပါတယ်။

 

Source – Duwun

Photo Credit-စန္ဒီမြင့်လွင် FB ၊Lin Tun (Life Photography )

Related posts