ဘီလ်ဘာအို ဂိုးသမားကီပါ ရီးရဲလ်တွင် ဆေးစစ်မှုအောင်မြင်၊ ကော်တင်ဟိုကို ဘာကာကြေးတိုး ကမ်းလှမ်း

ဘီလ်ဘာအိုဂိုးသမား ကီပါအာရီဇာသလာဂါကို ရီးရဲလ် ကခြောက်နှစ်စာချုပ်ဖြင့် ခေါ်ယူ ရန် သဘောတူညီပြီးနောက် ၎င်း သည် ကြာသ ပတေးနေ့က ရီးရဲလ် အတွက် ဆေးစစ်မှုအောင်မြင်ခဲ့ ကြောင်း စပိန်အားကစားသတင်း ဝက်ဘ်ဆိုက် AS ကအတည်ပြု သည်။

ရီးရဲလ်က ကီပါ (၂၃) နှစ်ကို လာမည့် သီတင်းပတ်တွင် မိတ် ဆက်မည်ဖြစ်ပြီး ကစားသမား နှင့် ရီးရဲလ်အသင်းမှ ကိုယ်စား လှယ်များကြား စာချုပ်အပြီးသတ် ရန် ကြိုးပမ်းနေသည်။

အကယ်၍ စီစဉ်ထားသည့် အတိုင်း အဆင်ပြေခဲ့ပါက ရီးရဲလ် သည် ကီပါကို လာမည့်ဗုဒ္ဓဟူးနေ့ ကိုပါဒယ်ရေးနောက်ဆုံး (၁၆)သင်း အဆင့်   နူမန်စီယာနှင့်ပွဲမ တိုင်မီ မိတ်ဆက်မည်ဖြစ်သည်။

ထိုအတောအတွင်း ရီးရဲလ် ၏ မဟာပြိုင်ဘက် ဘာစီလိုနာက လီဗာပူးတိုက်စစ်မှူး ကော်တင်ဟို ကို ခေါ်ယူရေး ယူရိုသန်း ၁၆၀ အထိ တိုးမြှင့်ကမ်းလှမ်းပြီး နှစ်သင်းကြား တက်နိုင်သမျှ အမြန် ဆုံးသဘောတူညီမှုရရေး အရှိန် မြှင့်ဆွေးနွေးနေကြောင်း Times သတင်းက ဖော်ပြသည်။

ဘာစီလိုနာက ဘရာဇီးကွင်း လယ်လူအတွက်    ကနဦးယူရို သန်း    ၁၂၀   ပေးမည်ဖြစ်ကာ နောက်ထပ်အပိုကြေး ယူရိုသန်း ၄၀ ပေးမည်ဖြစ်ကြောင်း ယင်းသ တင်းက ဖော်ပြသည်။

လီဗာပူးက ကော်တင်ဟို (၂၅) နှစ်ကို ရောင်းချရန် ပြင်ဆင် ထားပြီး လီဗာပူးနည်းပြ ဂျာဂန် ကလော့ပ်က မိမိအနေဖြင့် ကော် တင်ဟိုကို ဆက်ထိန်းထားလို သော်လည်း မိမိ၏ပြောဆိုမှု မှန် သမျှသည် မိမိကလပ် (သို့မဟုတ်) ကော်တင်ဟိုအတွက် အထောက် အကူဖြစ်စေ မည်မဟုတ်ဟု ဆို သည်။

source_7 days

Related posts